Wednesday, January 20, 2016

♥တိတ်ဆိတ်သော ည♥

တိတ်တဆိတ် ကြယ်စုံည
လရောင်အလင်း ဖြန့်ဝေ
ဒီလို့ညမျိုး တမ်းတခဲ့တာ
ရင်ခွင်တစ်ခုလုံး ဒဏ်ရာရခဲ့ပြီး…။   ။

ကြည့်နူးစွာ ထားရစ်ခဲ့တော့
သံယောဇဉ် မီးအိမ်ရှင်မလေးရေ
ဘယ်လောက်ထိ ဝေးကွာရမှာလဲ……။  ။

ချစ်ခြင်း၏ ရင်ကွဲည
မက်ခွင့်မရှိတော့တဲ့ အိပ်မက်များ
မျှော်လင့်ချက် လပြည့်ညမှာ
သူ ဖျက်စီးပစ်တာ ကြာလှပေါ့……။    ။

ညမွှေးပန်းဟာ တဖျန်းဖျန်း
အလွမ်းများ ခြွေလဲကြွေ
ဒီလို့ အထီးကျန် သန်ခေါင်ယံည
တိတ်တဆိတ်ပဲ မျက်ရည်ဝဲ……။       ။

အလွမ်းရဲ့....ည
{အထီးကျန်​ဆန်​တဲ့ ​ကောင်​က​လေး
}


အလွမ်းငှက်

အလွမ်းငှက်
*********
ကုရာနတ္ထိ

ဆေးမရှိသည့်

အတိတ်ခြေရာ

လွမ်းဝေဒနာသည်

ထင်ကျန်ရင်ထဲ

ရှိနေဆဲမို့

အလွမ်းဖြေဆေး

သံစဉ်တေးကို

သီဆိုဟစ်ကြွေး

ရင်မှာဆွေး၍

အတိတ်ကိုမျှော်

လွမ်းလို့အော်မည်

ငါသည်အလွမ်းငှက်

တေးသီလျှက်……။

♥သူသိပါ​စေ​...​လေ♥


သူသိပါစေ.....
သူသိပါစေ.....

နင် မရှိရင် မ နေတတ်ဘူးလို့
ငါပြောခဲ့တယ်နော်
ဒါတွေကိုသိရက်နဲ့
ဘာလို့များထားသွားရတာလဲ
သူကငါ့ထက်များ နင့်အပေါ်
ပိုချစ်နိုင်လို့လား...?
နင်ပျော်ရွှင်မယ်ဆိုရင်
ငါကျေနပ်ပါတယ်
ငါ့အချစ်တွေက နင့်အတွက်
ပေးဆပ်ရုံသက်သက်ပါဟာ
နင် ပျော်မယ်ဆိုရင်
ငါ့ရင် တွေကွဲသွားပါစေပါ
ငါကျေနပ်နေမှာပါ
ဒါတွေနင်တစ်ယောက်
သိစေဖို့ ဒီစာလေးကို
ငါရေးလိုက် ပါတယ်
အ ဝေးတစ်နေရာမှချစ်သူ
နင် မြင် နိုင် ပါ စေ………


ချစ်သူ

♣ ဧပရယ် ♣

အဖြူရောင် ပွင့်ချပ်ပေါ်က
ဟောင်နွမ်းနေ ကဗျာတစ်ပုဒ်
နှလုံးသားတစ်ခု ဗြောင်းဆန်လို့
ဒီတစ်နွေမှာ ငါ့ဟာ.....
''နုံအ''တဲ့ သူတစ်ယောက်ပါ...။   ။

ရိုးစင်စွာ ဝန်ခံလိုက်ရသော
ရိုးသားမှု တစ်ချို့ကို
ဥသြတို့ရဲ့ လွမ်းတွန်သံနဲ့အတူ
ငါ့...နှလုံးသားလည်း
သေဆုံးသွားရင်း ကောင်းလိမ့်မယ်...။  ။

အဲဒီလို့နဲ့...
ကံကြမ္မာ ပိတောက်ဝါရဲ့
ဧပရယ်ညတွေဟာ
ငါ့ကို နှိပ်စက်တတ်ခဲ့တယ်​ပေါ့.....။   ။